AppGallery နှင့် ကိုယ်ပိုင် အချက်အလက်အကြောင်း ကြေညာချက်
AppGallery သည် Hong Kong (ဟောင်ကောင်) တွင် တရားဝင် ဖွဲ့စည်းထားပြီး Huawei ၏ လက်အောက်ခံကုမ္ပဏီတစ်ခုဖြစ်သော Huawei Services (Hong Kong) Co., Limited (ဤမှစ၍ နောင်တွင် "ကျွန်ုပ်တို့"၊ "ကျွန်ုပ်တို့ကို" သို့မဟုတ် "ကျွန်ုပ်တို့၏" ဟု ရည်ညွှန်းထားပါသည်) က ပံ့ပိုးထားသည့် ဝန်ဆောင်မှုတစ်ခု ဖြစ်သည်။ ၎င်းသည် အခမဲ့နှင့် အခပေး အက်ပ်များကို လေ့လာကြည့်ရှုခြင်း၊ ဝင်ရောက် သုံးစွဲခြင်း၊ ဒေါင်းလုဒ်လုပ်ခြင်းနှင့် စီမံခြင်းတို့ လုပ်ဆောင်နိုင်သည့် ဖြန့်ဝေရေး ပလက်ဖောင်းတစ်ခု ဖြစ်ပါသည်။
ဤကြေညာချက်တွင် ဖော်ပြသည်မှာ-
1. ကျွန်ုပ်တို့က သင်နှင့်ပတ်သက်သော မည်သည့်ဒေတာများကို စုစည်းရယူသလဲ။
2. ကျွန်ုပ်တို့က သင့်ဒေတာများကို ဘယ်လိုအသုံးပြုသလဲ။
3. ကျွန်ုပ်တို့က သင့်ဒေတာများကို ဘယ်လောက်ကြာကြာ သိမ်းဆည်းထားသလဲ။
4. ကျွန်ုပ်တို့က သင့်ဒေတာများကို ဘယ်လိုမျှဝေသလဲ။
5. သင်၏ အခွင့်အရေးများနှင့် ရွေးချယ်စရာတွေက ဘာတွေလဲ။
6. ကျွန်ုပ်တို့ထံ ဘယ်လို ဆက်သွယ်ရမလဲ။
7. ကျွန်ုပ်တို့က ဤကြေညာချက်ကို မည်သို့ အပ်ဒိတ်လုပ်သလဲ။
1. ကျွန်ုပ်တို့က သင်နှင့်ပတ်သက်သော မည်သည့်ဒေတာများကို စုစည်းရယူသလဲ။
AppGallery ဝန်ဆောင်မှု၏ တစ်စိတ်တစ်ဒေသအဖြစ် ကျွန်ုပ်တို့သည် ဤကြေညာချက်တွင် ဖော်ပြထားသော ရည်ရွယ်ချက်များအတွက်သာ သင်၏ ကိုယ်ရေး ဒေတာများကို စုစည်းရယူပြီး အသုံးပြုရပါသည်။ ကိုယ်ရေး ဒေတာဆိုသည်မှာ သုံးစွဲသူတစ်ဦးအဖြစ် သင့်ကို ကျွန်ုပ်တို့က မည်သူမည်ဝါ ခွဲခြားသတ်မှတ်နိုင်စေသည့် အချက်အလက်မှန်သမျှကို ဆိုလိုပါသည်။
ကျွန်ုပ်တို့သည် အောက်ပါဒေတာများကို စုစည်းရယူပြီး စီမံဆောင်ရွက်ပါသည်-
•အကောင့်အမည် (အီးမေးလ် သို့မဟုတ် ဖုန်းနံပါတ်)၊ ပရိုဖိုင်းပုံ၊ အမည်ပြောင်၊ မွေးနေ့၊ နိုင်ငံ/ဒေသ၊ အကောင့် အမှတ်သင်္ကေတနှင့် အကောင့် အမှတ်သင်္ကေတဆိုင်ရာ ဝန်ဆောင်မှု တိုကင်ပြားကဲ့သို့ HUAWEI ID အကောင့် အချက်အလက်များ။
•(သင့်စက်၏ စနစ်ဗားရှင်းအပေါ် မူတည်၍ SN၊ UDID သို့မဟုတ် IMEI ကဲ့သို့) စက် အမှတ်သင်္ကေတ၊ ဘာသာစကား ဆက်တင်များ၊ စက်အမျိုးအစား၊ စက်၏ လုပ်ဆောင်မှု စနစ်ဗားရှင်းနှင့် ROM ဗားရှင်း၊ မျက်နှာပြင် အရွယ်အစားနှင့် ပုံရိပ်ကြည်လင်ပြတ်သားမှု၊ နိုင်ငံအလိုက် မိုဘိုင်းကုဒ်၊ ပစ္စည်းပို့ဆောင်မည့် နိုင်ငံကဲ့သို့ စက်အချက်အလက်များ။
•IP လိပ်စာ၊ ကွန်ရက်အမျိုးအစားနှင့် ကွန်ရက်ချိတ်ဆက်မှု အခြေအနေကဲ့သို့ ကွန်ရက် အချက်အလက်များ။
•AppGallery ဗားရှင်းနံပါတ်နှင့် ဒေါင်းလုဒ်လုပ်သည့် ရင်းမြစ်၊ အက်ပ် သုံးစွဲမှု ကြာချိန်၊ အက်ပ်ကို ကလစ်နှိပ်သည့် အကြိမ်ရေနှင့် ထိတွေ့ချိန်များ၊ အက်ပ်ရှာဖွေမှု မှတ်တမ်း၊ အက်ပ် ဒေါင်းလုဒ်လုပ်မှုနှင့် ထည့်သွင်းမှု မှတ်တမ်းနှင့် ရလဒ်များ၊ ဖျက်လိုက်သည့် အက်ပ် စာရင်း၊ အက်ပ် ဝယ်ယူမှုအတွက် အော်ဒါမှာယူသည့် ပမာဏ၊ အော်ဒါမှာယူသည့် အချိန်၊ အော်ဒါ ID၊ ထည့်သွင်းထားသော အက်ပ်စာရင်း၊ သုံးစွဲသူအတွက် ဆု (လက်ဆောင်များ) မှတ်တမ်း၊ အက်ပ်မှတ်ချက်များ၊ သုံးစွဲသူ သဘောတူညီမှုအတွက် စာရင်းသွင်းသည့် မှတ်တမ်းနှင့် ဆန္ဒရှိသည့် စာရင်းရှိ အပလီကေးရှင်းများကဲ့သို့ ဝန်ဆောင်မှု သုံးစွဲခြင်းဆိုင်ရာ အချက်အလက်များ။
(သင့် Huawei ID အကောင့်ဖြင့် မဝင်ရောက်ဘဲ) ဧည့်သည်စနစ်တွင် HUAWEI AppGallery ကို အသုံးပြုလျှင် အောက်ပါ ဒေတာများကို စုစည်းရယူပြီး စီမံဆောင်ရွက်ပါမည်-
•သင့်စက်၏ စနစ်ဗားရှင်းပေါ်တွင် မူတည်၍ SN၊ UDID သို့မဟုတ် IMEI ကဲ့သို့ စက် အမှတ်သင်္ကေတ၊ ဘာသာစကား ဆက်တင်များ၊ စက်အမျိုးအစား၊ စက် လုပ်ဆောင်မှုစနစ် (EMUI) ဗားရှင်းနှင့် ROM ဗားရှင်း၊ မျက်နှာပြင် အရွယ်အစားနှင့် ပုံရိပ်ကြည်လင်ပြတ်သားမှု၊ ပစ္စည်းပို့ဆောင်သည့် နိုင်ငံကဲ့သို့ စက်အချက်အလက်များ။
•IP လိပ်စာ၊ နိုင်ငံအလိုက် မိုဘိုင်းကုဒ် (MCC) နှင့် မိုဘိုင်းကွန်ရက်ကုဒ် (MNC)၊ ကွန်ရက် အမျိုးအစားနှင့် ကွန်ရက်ချိတ်ဆက်မှု အခြေအနေကဲ့သို့ ကွန်ရက် အချက်အလက်များ
•AppGallery ဗားရှင်းနံပါတ်၊ အပလီကေးရှင်း ဖွင့်ချိန်နှင့် ပိတ်ချိန်၊ ကလစ်နှိပ်မှုများ၊ ထိတွေ့မှု၊ အက်ပ်ရှာဖွေမှု မှတ်တမ်း၊ အက်ပ် ဒေါင်းလုဒ်လုပ်မှုနှင့် ထည့်သွင်းမှု မှတ်တမ်း၊ ထည့်သွင်းထားသည့် အပလီကေးရှင်းများ၏ စာရင်း၊ စာရင်းများနှင့် ချို့ယွင်းချက် စာရင်းများအပြင် သုံးစွဲသူ သဘောတူညီမှုအတွက် စာရင်းသွင်းမှု မှတ်တမ်းကဲ့သို့ ဝန်ဆောင်မှု သုံးစွဲခြင်းဆိုင်ရာ အချက်အလက်များ။
လိုအပ်သော ဝန်ဆောင်မှုများကို သင့်အား ပံ့ပိုးပေးရန်အတွက် AppGallery သည် စက်အချက်အလက်များကို ရယူရန် သင့်ဖုန်းထဲ ဝင်ရောက် သုံးစွဲခွင့်နှင့် ထည့်သွင်းမှု ပက်ကေ့ခ်ျများကို စီမံရန် သင့်သိုလှောင်မှုထဲ ဝင်ရောက် သုံးစွဲခွင့်တို့ကို လိုအပ်ပါသည်။ ခွင့်ပြုချက်များကို သင့်စက်၏ ဆက်တင်များထဲတွင်လည်း စီမံနိုင်ပါသည်။
2. ကျွန်ုပ်တို့က သင့်ဒေတာများကို ဘယ်လိုအသုံးပြုသလဲ။
AppGallery ဝန်ဆောင်မှုများကို သင့်အား ပံ့ပိုးပေးရန်နှင့် စာချုပ်ဆိုင်ရာ တာဝန်ဝတ္တရားများကို ကျေပွန်အောင် ဆောင်ရွက်ရန်အတွက် ကျွန်ုပ်တို့သည် သင်၏ ကိုယ်ရေး ဒေတာများကို စုစည်းရယူရန် လိုအပ်ပါသည်၊ သို့မှသာ သင်သည် သင်၏ အက်ပ်များကို လေ့လာကြည့်ရှုနိုင်၊ ဝင်ရောက် သုံးစွဲနိုင်၊ ဒေါင်းလုဒ်လုပ်နိုင်၊ စီမံနိုင်မည်ဖြစ်သည်။ ယင်းသို့လုပ်ဆောင်ခြင်းက မည်သူမည်ဝါ ခွဲခြားသတ်မှတ်ခြင်း၊ ငွေပေးချေမှု၊ သုံးစွဲသူနှင့် ဆက်ဆံရေး စီမံခန့်ခွဲမှု၊ ကူညီပံ့ပိုးမှုနှင့် ဆက်သွယ်ရေး၊ သုံးစွဲသူ မကျေနပ်ချက်ကို ကိုင်တွယ်ဖြေရှင်းခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း၊ စနစ်အပ်ဒိတ်များ၊ ပြဿနာ ချို့ယွင်းချက် ရှာဖွေခြင်းနှင့် ပြုပြင်ခြင်းတို့အတွက်လည်း သင့်ဒေတာများကို စီမံဆောင်ရွက်နိုင်စေပါသည်။
ထို့အပြင် ကျွန်ုပ်တို့သည် အောက်ပါ ရည်ရွယ်ချက်များအတွက် သင်၏ ကိုယ်ရေး ဒေတာများကို သင့်သဘောတူညီချက်ဖြင့် အသုံးပြုပါသည်-
•မတူညီသော သုံးစွဲသူအုပ်စုများ၏ သုံးစွဲမှု လုပ်ဆောင်ချက်များအပေါ် မူတည်၍ စုပေါင်းထားသော အုပ်စုများ ဖန်တီးခြင်း အပါအဝင် ခွဲခြမ်းစိတ်ဖြာခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်ချက်များ။ ယင်းသို့လုပ်ဆောင်ခြင်းက ဖောက်သည်များဖြစ်သော ကျွန်ုပ်တို့ သုံးစွဲသူများ၏ လိုအပ်ချက်များကို နားလည်နိုင်ရန်နှင့် ကျွန်ုပ်တို့၏ လက်ရှိနှင့် အနာဂတ် ဝန်ဆောင်မှုများနှင့် ကမ်းလှမ်းမှုများ၏ အရည်အသွေးနှင့် သုံးစွဲသူ အတွေ့အကြုံတို့ကို တိုးတက်အောင် လုပ်ဆောင်ပေးနိုင်ပါသည်။ အောက်ပါအပိုင်း 5.6 တွင် ဖော်ပြထားသည့်အတိုင်း သင်သည် ယင်းကဲ့သို့ ဒေတာ စီမံဆောင်ရွက်ခြင်းကို ကန့်ကွက်နိုင်ပါသည်။
•ကျွန်ုပ်တို့၏ ကမ်းလှမ်းချက်များ၊ ရောင်းအားမြှင့်တင်ခြင်းနှင့် ဈေးကွက်ရှာဖွေခြင်းအကြောင်း ဆက်သွယ်ပြောဆိုခြင်း ရည်ရွယ်ချက်များအပြင် ဈေးကွက်ရှာဖွေခြင်းအတွက် စုပေါင်းထားသည့် ပစ်မှတ်အုပ်စုများကို ဖန်တီးခြင်း။ သုံးစွဲသူများ၏ လိုလားနှစ်သက်မှုများကို သိရှိခြင်းဖြင့် ကျွန်ုပ်တို့၏ ကမ်းလှမ်းမှုများကို ပစ်မှတ်ထား လုပ်ဆောင်နိုင်စေပြီး ကျွန်ုပ်တို့ သုံးစွဲသူများ၏ လိုအပ်ချက်များနှင့် ဆန္ဒများကို ပိုမိုကောင်းမွန်စွာ ဖြည့်ဆည်းပေးနိုင်မည့် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ပံ့ပိုးပေးနိုင်စေသည်။ အောက်ပါအပိုင်း 5.6 တွင် ဖော်ပြထားသည့်အတိုင်း သင်သည် ယင်းကဲ့သို့ ဒေတာ စီမံဆောင်ရွက်ခြင်းကို ကန့်ကွက်နိုင်ပါသည်။
•AppGallery တွင် ပစ်မှတ်ထားသော အက်ပ်များကို အကြံပြုပေးခြင်းနှင့် ပြသခြင်းအားဖြင့် ကျွန်ုပ်တို့သည် ဝန်ဆောင်မှုများကို တစ်ဦးချင်းစိတ်ကြိုက် လုပ်ဆောင်ပေးရန် သင်၏ ကိုယ်ရေးဒေတာများကို စီမံဆောင်ရွက်နိုင်ပါသည်။ အောက်ပါအပိုင်း 5.6 တွင် ဖော်ပြထားသည့်အတိုင်း သင်သည် ယင်းကဲ့သို့ ဒေတာ စီမံဆောင်ရွက်ခြင်းကို ကန့်ကွက်နိုင်ပါသည်။
•လုံခြုံစိတ်ချရပြီး ယုံကြည်ရသော ဝန်ဆောင်မှုများကို သင့်ထံ ပံ့ပိုးပေးနိုင်ရန် ဝန်ဆောင်မှုများကို လွဲမှားစွာ အသုံးပြုမှုနှင့် လိမ်လည်မှု အမျိုးအစားများစွာကို စုံစမ်းစစ်ဆေးခြင်း သို့မဟုတ် တားမြစ်ခြင်း အပါအဝင် အချက်အလက် လုံခြုံရေး ရည်ရွယ်ချက်များ။
•AppGallery ထဲတွင် ရရှိနိုင်သော အပလီကေးရှင်းပေါ်တွင် သင် မှတ်ချက်ပေးသည့်အခါ သင်၏ တုံ့ပြန်မှုနှင့် အဆင့်သတ်မှတ်ချက်များအပေါ် အခြေခံပြီး ဝန်ဆောင်မှု တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်နိုင်ရန် ကျွန်ုပ်တို့သည် သင်၏ မှတ်ချက်နှင့် အမည်ပြောင်ကို အက်ပ် ဆော့ဖ်ဝဲရေးသားသူထံ ထုတ်ဖော်ပြောဆိုပါမည်။
သင်၏ HUAWEI ID ဖြင့် ဝင်ရောက်ထားစဉ် HUAWEI AppGallery ကို အသုံးပြုနေသောအခါ AppGallery အက်ပ်တွင် သဘောတူညီချက် ပေးထားပြီးဖြစ်ပါက အသစ်ရရှိနိုင်သော အက်ပ်များ၊ ဖြစ်စဉ်များနှင့် လက်ဆောင်နှင့် ဆက်စပ်သော လုပ်ဆောင်ချက်များအကြောင်းကို သင့်ထံ အကြောင်းကြားရန် သင့်စက်သို့ အလိုအလျောက် အသိပေး အချက်ပြမှုများကို ကျွန်ုပ်တို့ ပေးပို့နိုင်ပါသည်။ AppGallery > ကျွန်ုပ် > ဆက်တင်သို့ သွားပြီး အသိပေးချက်များအား လက်ခံရယူမှုကို ပိတ်ခြင်းဖြင့် သင်၏ သဘောတူညီချက်ကို အချိန်မရွေး ရုပ်သိမ်းနိုင်ပါသည်။
ကျွန်ုပ်တို့အပေါ် သက်ရောက်မှုရှိသော ဥပဒေများနှင့် စည်းမျဉ်းများက သတ်မှတ်ထားသည့်အတိုင်း အခွန်နှင့် စာရင်းအင်းဆိုင်ရာ ရည်ရွယ်ချက်များအတွက်လည်း ကျွန်ုပ်တို့သည် သင်၏ အက်ပ် ဝယ်ယူမှုအတွက် အော်ဒါမှာယူသည့် ပမာဏ၊ အော်ဒါမှာယူသည့်အချိန်နှင့် အော်ဒါ ID ကိုလည်း စီမံဆောင်ရွက်နိုင်ပါသည်။
3. ကျွန်ုပ်တို့က သင့်ဒေတာများကို ဘယ်လောက်ကြာကြာ သိမ်းဆည်းထားသလဲ။
ကျွန်ုပ်တို့သည် ဤကြေညာချက်တွင် သတ်မှတ်ဖော်ပြထားသည့် ရည်ရွယ်ချက်များအတွက် လိုအပ်သည့် အချိန်ထက် ကျော်လွန်၍ သင့် ကိုယ်ရေးဒေတာများကို ထိန်းသိမ်းထားမည်မဟုတ်ပါ။
ကျွန်ုပ်တို့နှင့် သုံးစွဲသူ ဆက်ဆံရေးကို ပြုလုပ်နေသမျှ ကာလပတ်လုံး ကျွန်ုပ်တို့က သင့် ဒေတာများကို စီမံဆောင်ရွက်၍ ထိန်းသိမ်းထားပါမည်။ သင်၏ HUAWEI ID အကောင့်ကို ဖျက်လိုက်ပါက ကိုယ်ရေးဒေတာအားလုံးနှင့် AppGallery အက်ပ် အပါအဝင် သင့် အကောင့်နှင့် တွဲဖက်ထားသည့် ဝန်ဆောင်မှုအားလုံးကို ဖျက်ပစ်ပါမည်။ သို့သော် ကျွန်ုပ်တို့သည်-
•အက်ပ် ဝယ်ယူမှုအတွက် အော်ဒါမှာယူသည့် ပမာဏ၊ အော်ဒါမှာယူသည့်အချိန်နှင့် အော်ဒါ ID တို့ကို ငွေပေးချေမှု ပြုလုပ်သည့် နေ့မှစ၍ ခုနစ် (7) နှစ်ကြာ ထိန်းသိမ်းထားရပါမည်။
•တိုင်ကြားချက်များနှင့် စာချုပ် စီမံခန့်ခွဲမှု ပြုလုပ်ရန် ရည်ရွယ်ချက်များကဲ့သို့ သုံးစွဲသူနှင့် ဆက်ဆံရေး စီမံခန့်ခွဲမှုအတွက် စီမံဆောင်ရွက်ထားသော ကိုယ်ရေး ဒေတာများကို သင်၏ HUAWEI ID အကောင့်ကို ဖျက်ပြီးသည့်နောက်ပိုင်း ခြောက်နှစ်အထိ ထိန်းသိမ်းထားပါမည်။
•ဖ်ာပြပါ စီမံဆောင်ရွက်မှုများကို သင် ကန့်ကွက်မထားပါက ခွဲခြမ်းစိတ်ဖြာမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအပြင် ရောင်းအားမြှင့်တင်ခြင်းနှင့် ဈေးကွက်ရှာဖွေခြင်း ရည်ရွယ်ချက်များအတွက် အသုံးပြုထားသော ကိုယ်ရေး ဒေတာများကို စုစည်းရယူသည့်နေ့မှ အများဆုံး 12 လအထိ ထိန်းသိမ်းထားပါမည်။
•သင့်ဒေတာများနှင့် ဝန်ဆောင်မှုများ လုံခြုံမှုရှိကြောင်း သေချာစေရန်အတွက် စီမံဆောင်ရွက်ထားသော ဘက်ခ်အပ်ဖိုင်များနှင့် အက်ပ်စာရင်းများကို ၎င်းတို့ကို ပြုလုပ်ထားသည့်နေ့မှစ၍ အများဆုံး 6 လအထိ ထိန်းသိမ်းထားပါမည်။
•ဝန်ဆောင်မှုကို ဧည့်သည်စနစ်တွင် အသုံးပြုနေပါက သင်၏ ကွန်ရက် အချက်အလက်များနှင့် သုံးစွဲမှု အချက်အလက်များကို 7 ရက်ကြာ စီမံဆောင်ရွက်ပါမည်။
ထိန်းသိမ်းရမည့် ကာလ သက်တမ်းကုန်ဆုံးသွားသည်နှင့် ဥပဒေများနှင့် စည်းမျဉ်းများက အခြားနည်းဖြင့် သတ်မှတ်ထားခြင်းမရှိလျှင် သင့် ကိုယ်ရေးဒေတာများကို ဖျက်ပစ်ပါမည် သို့မဟုတ် ပိုင်ရှင် မည်သူမည်ဝါမဖော်နိုင်ရန် ပြုလုပ်ပါမည်။
4. ကျွန်ုပ်တို့က သင့်ဒေတာများကို ဘယ်လိုမျှဝေသလဲ။
ကျွန်ုပ်တို့သည် သင်၏ဒေတာများကို Singapore (စင်ကာပူ) နိုင်ငံနှင့် China (တရုတ်) နိုင်ငံ၊ Hong Kong (ဟောင်ကောင်) တို့တွင် တည်ရှိသော ဒေတာစင်တာများတွင် သိမ်းဆည်းပါသည်။
ပြုပြင်ထိန်းသိမ်းမှု ဆောင်ရွက်ချက်များအရ ကျွန်ုပ်တို့သည် India (အိန္ဒိယ) နှင့် China (တရုတ်) နိုင်ငံတို့မှနေ၍ သင့်ဒေတာကို ဝင်ရောက် သုံးစွဲရန် လိုအပ်နိုင်ပါသည်။ ထို့ပြင် သင် နေထိုင်ရာ တည်နေရာအပေါ်တွင် မူတည်ပြီး ဥပမာအားဖြင့် Mexico (မက္ကဆီကို)၊ Egypt (အီဂျစ်)၊ South Africa (တောင်အာဖရိက)၊ Saudi Arabia (ဆော်ဒီအာရေးဘီးယား)၊ Pakistan (ပါကစ္စတန်)၊ Myanmar (မြန်မာ)၊ India (အိန္ဒိယ) နှင့် Malaysia (မလေးရှား) နိုင်ငံများတွင် တည်ရှိသော ကျွန်ုပ်တို့၏ သုံးစွဲသူ ဝန်ဆောင်မှုစင်တာများကလည်း သင့်ဒေတာများကို စီမံဆောင်ရွက်နိုင်ပါသည်။
ကျွန်ုပ်တို့သည် အောက်ပါအကြောင်းရင်းများအတွက်သာ သင့်ဒေတာများကို မျှဝေပါသည်-
•AppGallery ထဲတွင် ရရှိနိုင်သော အပလီကေးရှင်းတစ်ခုပေါ်တွင် သင် မှတ်ချက်ပေးသည့်အခါ ဝန်ဆောင်မှုကို တိုးတက်အောင် လုပ်ရန် နှင့်/သို့မဟုတ် ပြဿနာများကို ဖြေရှင်းရန် သင်၏ မှတ်ချက်၊ အမည်ပြောင်၊ စက်အမျိုးအစားနှင့် မှတ်ချက်ရေးသားခဲ့သည့် အချိန်ကို အပလီကေးရှင်း ဆော့ဖ်ဝဲရေးသားသူထံ ထုတ်ဖော်ပြောဆိုမည် ဖြစ်ပါသည်။
•သက်ဆိုင်သော ဥပဒေများအရ သို့မဟုတ် တရားစွဲဆိုမှု ကိစ္စရပ် သို့မဟုတ် ဥပဒေဆိုင်ရာ လုပ်ဆောင်ချက်နှင့် ဆက်စပ်၍ ဥပဒေရေးရာ လုပ်ငန်းစဉ် သို့မဟုတ် လုပ်ပိုင်ခွင့်ရှိသော အာဏာပိုင်အဖွဲ့ထံမှ တောင်းဆိုချက်ကို တုံ့ပြန်ရန် လိုအပ်လာပါက။
•လုပ်ငန်းပေါင်းစည်းခြင်း၊ လုပ်ငန်းဝယ်ယူခြင်း၊ (ဝန်ဆောင်မှု သဘောတူညီချက်များကဲ့သို့) ပိုင်ဆိုင်ပစ္စည်းများ ရောင်းချခြင်း သို့မဟုတ် HUAWEI အုပ်စုဝင် အဖွဲ့အစည်း သို့မဟုတ် အခြားကုမ္ပဏီသို့ ဝန်ဆောင်မှု ကူးပြောင်းခြင်း၏ တစ်စိတ်တစ်ဒေသအဖြစ် လိုအပ်လာပါက။
5. သင်၏ အခွင့်အရေးများနှင့် ရွေးချယ်စရာတွေက ဘာတွေလဲ။
သင့်တွင် အောက်ပါ အခွင့်အရေးများနှင့် ရွေးချယ်စရာများ ရှိပါသည်-
5.1 သင့်ဒေတာကို ဝင်ရောက် သုံးစွဲခြင်း
သင်သည် သင့် စက်တွင် ဆက်တင် > HUAWEI ID >ကိုယ်ရေးအချက်အလက် စင်တာ > သင့်ဒေတာများအား တောင်းဆိုမှုသို့ သွားပြီး AppGallery နှင့်ဆက်စပ်ပြီး ကျွန်ုပ်တို့ စုစည်းရယူ၊ သိမ်းဆည်းထားသည့် သင်၏ ကိုယ်ရေးဒေတာ မိတ္တူတစ်စောင်နှင့် ယင်းအကြောင်း ဖော်ပြချက်တစ်ခုကို တောင်းဆိုနိုင်ပါသည်။
ဧည့်သည်စနစ်တွင် AppGallery ကို အသုံးပြုနေချိန်တွင် သင့်ဒေတာ မိတ္တူတစ်စောင်ကို တောင်းဆိုခြင်း အပါအဝင် ထပ်ဆောင်း ဝင်ရောက် သုံးစွဲခွင့်ကို တောင်းဆိုလိုပါက ကျွန်ုပ်တို့ကို ဆက်သွယ်ပါ (https://consumer.huawei.com/ uk/legal/privacy-questions/)။
5.2 သင့်ဒေတာကို ပြင်ဆင်ခြင်း
သင်၏ ဒေတာများ အပ်ဒိတ်ဖြစ်နေစေရန်နှင့် တိကျမှန်ကန်နေစေရန် ဆက်တင် > HUAWEI ID သို့ သွားခြင်းဖြင့် သင့်ဒေတာများကို ဝင်ရောက် သုံးစွဲ၍ မွမ်းမံပြင်ဆင်နိုင်ပါသည်။
5.3 သင့် ဒေတာကို လွှဲပြောင်းခြင်း
သင့်စက်တွင် ဆက်တင် > HUAWEI ID > ကိုယ်ရေးအချက်အလက် စင်တာ > သင့်ဒေတာများအား တောင်းဆိုမှုသို့ သွားပြီး AppGallery နှင့် စပ်လျဉ်း၍ ကျွန်ုပ်တို့ထံ သင် ပံ့ပိုးပေးထားသည့် ကိုယ်ရေး ဒေတာများကို အသုံးပြုနေကျ စက်ကဖတ်နိုင်သော ပုံစံဖြင့် လွှဲပြောင်းနိုင်ပါသည်။
ဧည့်သည်စနစ်တွင် ဝန်ဆောင်မှုကို အသုံးပြုနေချိန်တွင် AppGallery ထဲ၌ ကျွန်ုပ်တို့ကို ပံ့ပိုးပေးထားသည့် သင့်ကိုယ်ရေး ဒေတာများကို အသုံးပြုနေကျ စက်ကဖတ်နိုင်သော ပုံစံဖြင့် လွှဲပြောင်းပေးစေလိုပါကလည်း ကျွန်ုပ်တို့ကို ဆက်သွယ်နိုင်ပါသည်။
5.4 သင့်ဒေတာကို ဖျက်ခြင်း
သင်သည် အချိန်မရွေး အောက်ပါတို့ကို လုပ်ဆောင်နိုင်သည်-
•AppGallery > ကျွန်ုပ် > ဝယ်ယူမှု မှတ်တမ်းသို့ သွားပြီး သင်၏ အက်ပ် ဒေါင်းလုဒ်လုပ်မှုနှင့် ထည့်သွင်းမှုမှတ်တမ်းအပြင် ဝယ်ယူမှု မှတ်တမ်းများကို ဖျက်ပစ်နိုင်ပါသည်။
•AppGallery > ကျွန်ုပ် > လက်ဆောင်များသို့ သွားပြီး သင်၏ လက်ဆောင်မှတ်တမ်းများကို ဖျက်ပစ်နိုင်သည်။
•AppGallery > ကျွန်ုပ် > ဆန္ဒရှိသည့် စာရင်းသို့ သွားပြီး ဆန္ဒရှိသည့် စာရင်းထဲရှိ အပလီကေးရှင်းများကို ဖျက်ပစ်နိုင်ပါသည်။
•သင်၏ HUAWEI ID အကောင့်ကို ဖျက်ပစ်နိုင်သည်။ ရလဒ်အနေဖြင့် AppGallery ရှိ သင့်ကိုယ်ရေး ဒေတာများ အပါအဝင် သင်၏ HUAWEI ID အကောင့်နှင့် တွဲဖက်ထားသော ကိုယ်ရေးဒေတာနှင့် ဝန်ဆောင်မှုအားလုံးကို ဖျက်ပစ်ပါမည်။
•သင်၏ ဒေတာကို စီမံဆောင်ရွက်ခြင်းအား အပိုင်း 5.6 တွင် ဖော်ပြထားသည့်အတိုင်း ကန့်ကွက်နိုင်ပါသည်။ သင်၏ ကန့်ကွက်မှုသည် တရားဝင်ပြီး ကျွန်ုပ်တို့က သင်၏ ဒေတာကို ဥပဒေအရ ဆက်လက် စီမံဆောင်ရွက်ခွင့် မရှိတော့ပါက အကျုံးဝင်သော ကန့်ကွက်မှုအတိုင်းအတာအတွင်းရှိ သက်ဆိုင်သည့် ဒေတာများကို ဖျက်ပစ်ပါမည်။
•သင်၏ ကိုယ်ရေး ဒေတာများကို စီမံဆောင်ရွက်ခြင်းသည် ဥပဒေနှင့် မညီဘဲ သင်၏ ဒေတာကို ဖျက်ပစ်သင့်သည်ဟု သင် ယူဆလျှင် ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ (https://consumer.huawei.com/ uk/legal/privacy-questions/)။
ကျွန်ုပ်တို့သည် သင်၏ အထက်ဖော်ပြပါ လုပ်ဆောင်ချက်များကို အခြေခံ၍ အပိုင်း 3 တွင် ဖော်ပြထားသည့် ထိန်းသိမ်းမှု ကာလများနှင့်အညီ သင်၏ ကိုယ်ရေးဒေတာများကို ကျိုးကြောင်းဆီလျော်သည့် အချိန်ကာလအတွင်း ဖျက်ပစ်ပါမည် သို့မဟုတ် ပိုင်ရှင် မည်သူမည်ဝါ မဖော်နိုင်ရန် ပြုလုပ်ပါမည်။
5.5 သင်၏ သဘောတူညီချက်ကို ရုပ်သိမ်းခြင်း
ကျွန်ုပ်တို့ထံမှ အီလက်ထရောနစ် စနစ်သုံး တိုက်ရိုက်ဈေးကွက်ရှာဖွေမှု အကြောင်းအရာများကို လက်ခံရန် သင် ရွေးချယ်ထားခဲ့လျှင် AppGallery > ကျွန်ုပ် > ဆက်တင်သို့ သွားပြီး အသိပေးချက်များအား လက်ခံရယူမှုကို ပိတ်ခြင်းဖြင့် သင်၏ သဘောတူညီချက်ကို ရုပ်သိမ်းနိုင်ပါသည်။
5.6 စီမံဆောင်ရွက်ခြင်းကို ကန့်ကွက်ခြင်း
ခွဲခြမ်းစိတ်ဖြာမှုများ၊ အကြံပြုချက်များ၊ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မှုများ သို့မဟုတ် ရောင်းချမှုများနှင့် ဈေးကွက်ရှာဖွေရေး ရည်ရွယ်ချက်များအတွက် သင်၏ ဒေတာများကို စီမံဆောင်ရွက်ခြင်းအား ကန့်ကွက်လိုပါက ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ (https://consumer.huawei.com/ uk/legal/privacy-questions/)။
တောင်းဆိုသည့်အခါ တောင်းဆိုမှုအတိုင်းအတာကို သတ်မှတ်ဖော်ပြပေးရမည့်အပြင် HUAWEI ID သို့ ဝင်ရောက်ထားသည့် စနစ်တွင် ဝန်ဆောင်မှုကို အသုံးပြုထားပါက ထိုသို့ ဝင်ရောက်ရာတွင် အသုံးပြုသည့် အီးမေးလ်လိပ်စာကိုဖြစ်စေ၊ ဖုန်းနံပါတ်ကိုဖြစ်စေ သို့မဟုတ် ဧည့်သည်စနစ်တွင် AppGallery ကို အသုံးပြုနေပါက သင်၏ စက်အမှတ်သင်္ကေတကိုဖြစ်စေ ကျွန်ုပ်တို့အား ပံ့ပိုးပေးပါ။
သင့်တောင်းဆိုချက်ကို ဆက်လက် ဆောင်ရွက်ပေးရန်အလို့ငှာ သင်၏ အထောက်အထားကို မှန်ကန်ကြောင်းစစ်ဆေးရန် ကျွန်ုပ်တို့က သင့်ထံ ဆက်သွယ်ပါမည်။
5.7 စီမံဆောင်ရွက်ခြင်းကို ကန့်သတ်ခြင်း
သင်၏ ကိုယ်ရေးဒေတာများကို စီမံဆောင်ရွက်ခြင်းအား ကန့်သတ်လိုပါက ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ (https://consumer.huawei.com/ uk/legal/privacy-questions/)။ အောက်ပါ အခြေအနေများတွင် သင်၏ ဒေတာများကို စီမံဆောင်ရွက်ခြင်းအား ကန့်သတ်ပိုင်ခွင့် ရှိပါသည်-
•သင်၏ ဒေတာကို တရားဥပဒေနှင့် မလျော်ညီစွာ စီမံဆောင်ရွက်ထားသော်လည်း သင်က ၎င်းကို ဖျက်မပစ်လိုခြင်း။
•သို့တည်းမဟုတ် ကျွန်ုပ်တို့က သင့်ဒေတာများကို သိမ်းဆည်းထားမည် မဟုတ်တော့သည့်အချိန်တွင် သင့်အနေဖြင့် ဥပဒေအရ လုပ်ပိုင်ခွင့်များရှိကြောင်း အခိုင်အမာ သက်သေပြရန်၊ လုပ်ပိုင်ခွင့်များကို အသုံးချရန်နှင့် ခုခံကာကွယ်ရန်အတွက် ကျွန်ုပ်တို့အား အဆိုပါ သင့်ဒေတာများကို သိမ်းထားပေးရန် တောင်းဆိုချိန်တွင်။
•ကန့်ကွက်ခွင့်ပြုရန် သင်၏ တောင်းဆိုချက်သည် ကျွန်ုပ်တို့၏ အတည်ပြုမှုကို စောင့်ဆိုင်းနေချိန်တွင်။
သင်၏ တောင်းဆိုမှုကို ပေးပို့သည့်အခါ တောင်းဆိုမှု အတိုင်းအတာနှင့် တောင်းဆိုမှု၏ အခြေခံအကြောင်းရင်းကို သတ်မှတ်ဖော်ပြပေးပြီး သင်၏ HUAWEI ID သို့ ဝင်ရောက်ရာတွင် အသုံးပြုသော သင်၏ အီးမေးလ်လိပ်စာ သို့မဟုတ် ဖုန်းနံပါတ်ကို ကျွန်ုပ်တို့ထံ ပံ့ပိုးပေးပါ။
သင့်တောင်းဆိုချက်ကို ဆက်လက် ဆောင်ရွက်ပေးရန်အလို့ငှာ သင်၏ အထောက်အထားကို မှန်ကန်ကြောင်းစစ်ဆေးရန် ကျွန်ုပ်တို့က သင့်ထံ ဆက်သွယ်ပါမည်။
6. ကျွန်ုပ်တို့ထံ ဘယ်လို ဆက်သွယ်ရမလဲ။
ဒေတာပိုင်ရှင်ဖြစ်သော သင်၏ အခွင့်အရေးများကို မည်သို့ အသုံးချရမည်နှင့် ပတ်သက်သော လမ်းညွှန်ချက်ကို အပိုင်း 5 တွင် တွေ့နိုင်ပါသည်။ ဒေတာပိုင်ရှင်ဖြစ်သူ သင်၏ အခွင့်အရေးများ သို့မဟုတ် သင်၏ ကိုယ်ရေး ဒေတာများကို ကျွန်ုပ်တို့၏ စီမံဆောင်ရွက်မှုနှင့် ပတ်သက်၍ မေးမြန်းလိုသည်များ၊ မှတ်ချက်များ သို့မဟုတ် အကြံပြုချက်များ ရှိပါက သို့မဟုတ် ကျွန်ုပ်တို့၏ ဒေတာ ကာကွယ်ရေး အရာရှိထံ ဆက်သွယ်လိုပါက ကျေးဇူးပြု၍ ကျွန်ုပ်တို့ကို ဆက်သွယ်ပါ (https://consumer.huawei.com/ uk/legal/privacy-questions/)။
ကျွန်ုပ်တို့ ရုံးချုပ်များ၏ လိပ်စာ- Huawei Services (Hong Kong) Co., Limited၊ အခန်း 03၊ 9 လွှာ၊ တာဝါ 6၊ The Gateway၊ နံပါတ် 9 Canton လမ်း၊ Tsim Sha Tsui၊ Kowloon၊ Hong Kong (ဟောင်ကောင်)။ မှတ်ပုံတင် နံပါတ် 1451551။
ကျွန်ုပ်တို့သည် သင်၏ ကိုယ်ရေး ဒေတာများကို ဤကြေညာချက် သို့မဟုတ် သက်ဆိုင်သော ဒေတာကာကွယ်ရေး ဥပဒေများနှင့်အညီ စီမံဆောင်ရွက်ခြင်းမရှိဟု သင် ယုံကြည်ပါက သင်၏ ဒေတာကာကွယ်ရေး အာဏာပိုင်အဖွဲ့အစည်း သို့မဟုတ် Hong Kong (ဟောင်ကောင်) ရှိ ကိုယ်ရေး ဒေတာများအတွက် ကာကွယ်ရေး ကော်မရှင်အဖွဲ့ဝင်ထံသို့ တိုင်ကြားနိုင်ပါသည်။
7. ကျွန်ုပ်တို့က ဤကြေညာချက်ကို မည်သို့ အပ်ဒိတ်လုပ်သလဲ။
ကျွန်ုပ်တို့သည် ကြေညာချက်ကို သင့်လျော်သည့်အချိန်တွင် အပ်ဒိတ်လုပ်နိုင်သောကြောင့် အဆိုပါ ကြေညာချက်၏ နောက်ဆုံးဗားရှင်းကို အက်ပ် ဆက်တင်ထဲတွင် ပုံမှန် စစ်ဆေးရန် သင့်ကို တိုက်တွန်းပါသည်။ ဤကြေညာချက်တွင် အကြောင်းအရာ ပြောင်းလဲမှုများ ပြုလုပ်ခဲ့ပါက ကျွန်ုပ်တို့သည် ပြောင်းလဲမှု၏ သဘောသဘာဝအပေါ် မူတည်၍ အသိပေး အချက်ပြမှု ဒိုင်ယာလော့ဂ်များ၊ အလိုအလျောက် ပေးပို့သော မက်ဆေ့ခ်ျများ၊ အီးမေးလ်များနှင့် အစရှိသည်တို့ကဲ့သို့သော နည်းလမ်းများဖြင့် သင့်ထံ ကြိုတင် အကြောင်းကြားပါမည်။
နောက်ဆုံး အပ်ဒိတ်လုပ်ခဲ့သည့်ရက်စွဲ- သြဂုတ်လ 2019